FD-AFoCO IPDM Project (AFoCO/014/2020) ၏ စတုတ္ထအကြိမ် စီမံကိန်းလုပ်ငန်း ကြီးကြပ်မှုကော်မတီ (Project Steering Committee - PSC) အစည်းအဝေး ကျင်းပခြင်း

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင် သစ်တောဦးစီးဌာနနှင့် ကိုရီးယားပြည်သူ့သမ္မတနိုင်ငံ၊ အာရှသစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Asian Forest Cooperation Organization – AFoCO) တို့ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသော “ပဲခူးတိုင်းဒေသကြီးအတွင်း တည်ထောင်ထားရှိသည့် ကျွန်းစိုက်ခင်းများတွင် ကျရောက်တတ် သည့် ဖျက်ပိုးနှင့်ရောဂါများအား ဘက်ပေါင်းစုံ ကာကွယ်နှိမ်နင်းခြင်း နည်းလမ်းများဖြင့် စီမံ အုပ်ချုပ်ခြင်း စီမံကိန်း (FD-AFoCO IPDM Project)” ၏ ၂၀၂၃ ခုနှစ် ၏ လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေ၊ ရန်ပုံငွေသုံးစွဲခြင်းနှင့် ၂၀၂၄ ခုနှစ် လုပ်ငန်း လျာထားချက်နှင့် ရန်ပုံငွေ လျာထားချက်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြနိုင်ရန်အတွက် “စတုတ္ထအကြိမ် စီမံကိန်း လုပ်ငန်းကြီးကြပ်မှုကော်မတီ (PSC) အစည်းအဝေး” ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီမှ (၁၁:၀၀) နာရီအထိ ကျင်းပပြုလုပ်ခဲ့ပြီး သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး) ဦးကျော်ဇေယျ၊ AFoCO Secretariat Office မှ ကိုယ်စားလှယ် (၄) ဦး၊ သစ်တောဦးစီးရုံးချုပ်မှ စီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင် ညွှန်ကြားရေးမှူးများ၊ FD-AFoCO IPDM Project မှ တာဝန်ရှိသူများ စုစုပေါင်း (၁၇) ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။

date: 
Monday, January 15, 2024 - 16:15