၃-၁၁-၂၀၂၅ ရက်နေ့မှ ၉-၁၁-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၆.၆၃၂၁)တန်၊ သစ်မာ (၇.၀၇၁၀)တန်၊ အခြား (၄၃.၂၂၉၇)တန်၊ စုစုပေါင်း (၅၆.၉၃၂၈)တန်၊ ယာဉ်/ယန္တရား (4)စီး၊ တရားခံ (7)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၉-၁၁-၂၀၂၅ ရက်နေ့တွင် မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ သရက်ပင်ဘိနယ်၊ ရမန်း ကျေးရွာ၏အနောက်တောင်ဘက် တစ်မိုင်ခွဲခန့်အကွာ၊ တောတွင်းတစ်နေရာ/ ရမန်း ကျေးရွာ၏ အနောက်တောင်ဘက် နှစ်မိုင်ခန့်အကွာ၊ ကြောင်းချောင်းအနီးတို့မှ တရားမဝင် ပျဉ်းကတိုး/ သစ်ယာ/ အင်ကြင်း/ အင် သစ်လုံး/ခွဲသား (၃၆)လုံး/ချောင်း (၁၁.၅၈၈၀)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါ
သည်။

date: 
Wednesday, November 12, 2025 - 11:30