လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ သစ်တောဦးစီးဌာန၊ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ(မြို့နယ်အဆင့်)ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေးခရိုင် ၊ လင်းခေးမြို့နယ်၊သစ်တောဦးစီးဌာနမှကြီးမှူး၍ (၁၂-၁၁-၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်လင်း‌ေခးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နာကုန်း ကျောင်းခန်းမတွင် "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ " ကျင်းပပြုလုပ်ခဲ့ရာ လင်းခေးမြို့နယ်၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးစိုးမင်းထက်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါကြောင်း၊မြို့နယ်သစ်‌ေတာဦးစီးဌာနမှူး ဦးကျော်မျိုးနိုင်မှ" မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ" သိကောင်းစရာများကိုဟောပြောပို့ချခဲ့ပါ‌ကြောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှ တောအုပ်ကြီးဦးစိုင်းညီညီထွန်းမှ "သစ်တောထိန်းသိမ်းရေးနှင့်ရာသီဥတုပြောင်းလဲမှုတွင်သစ်တောသစ်ပင်များ၏အရေးပါပုံ"များအား ရှင်းလင်းဟောပြောခဲ့ပါ‌ေကြာင်း၊ လင်းခေးမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးရဲလင်းထွေးမှ တောမီးနှင့်ပတ်သက်သည့်အကြောင်းအရာများအားလည်းကောင်းအသိပညာပေးဟောပြောခဲ့ပါကြောင်းနှင့်တက်ရောက်လာသူဆရာ/ဆရာမနှင့်ကျောင်းသား/သူများက သိလိုသည်များကိုမေးမြန်းခဲ့ရာ မြို့နယ်ဦးစီးဌာနမှူးမှ ပြန်လည်ဖြေကြားခဲ့ပြီး၊ကျောင်းအုပ်ဆရာမကြီးသို့ သစ်တောကြေးမုံစာအုပ်(၂၀)အုပ်၊ ပျိုးပင်များနှင့်မီးခိုးမြူ‌ငွေ့လျော့ချရေးအသိပညာပေးလက်ကမ်းစာစောင်များအားတက်ရောက်လာသူများသို့ဖြန့်ဝေပေးအပ်ခဲ့ရာနံနက်(၁၀:၀၀) နာရီချိန်တွင် ပြီးစီးခဲ့ပါသည်။ ဟောပြောပွဲသို့ ဌာနဆိုင်ရာ (၄)ဦး၊သစ်‌တောဦးစီးဌာနမှ (၆)ဦး၊ဆရာ/ဆရာမ(၁၀)ဦး၊ကျောင်းသား/သူ(၁၀၀)ဦး စုစုပေါင်း (၁၂၀) ဦးတက်ရောက်ခဲ့ပါကြောင်း တင်ပြအပ်ပါသည်။သတင်းပါရှိရေးသက်ဆိုင်ရာဌာနနှင့်ညှိနှိုင်းဆောင်ရွက်၍ပြန်လည်တင်ပြသွားမည်ဖြစ်ပါကြောင်းသတင်းရရှိသည်။

date: 
Wednesday, November 12, 2025 - 13:30