သစ်တောဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်မှ သစ်တောထိန်း သိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
သစ်တောဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်မှ သစ်တောထိန်း သိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ ခရိုင်အဆင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၁၂-၁၁-၂၀၂၅) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီ၌ အခြေခံပညာအထက်တန်းကျောင်း၊ ပေါက်ခေါင်းမြို့တွင် ကျင်းပဆောင်ရွက်ခဲ့ရာ အ.ထ.က၊ ၊ ပေါက်ခေါင်းမြို့မှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ (၅)ဦး၊ ကျောင်းသား/ကျောင်းသူများ (၁၈၃)ဦး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်း(၂) ဦး နှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ (၁၂)ဦး၊ စုစုပေါင်း (၂၀၂)ဦးတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် အ.ထ.က၊ ပေါက်ခေါင်းမြို့၊ ကျောင်းအုပ်ဆရာကြီး ဦးညွန့်ဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သစ်တောဦးစီးဌာန၊ ပြည်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးဇော်စိုးမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အကြောင်းအရာများကို လည်းကောင်း၊ ပြည်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်ထွေးမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်း အရာများကိုလည်းကောင်း တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ Video Clip ပြသခြင်း၊ မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ တက်ရောက်လာသူ ကျောင်းသား/ကျောင်းသူများအတွက် ဗလာစာအုပ်နှင့် ဘောပင်များ အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိသည်။



