၈-၁-၂၀၂၄ ရက်နေ့မှ ၁၄-၁-၂၀၂၄ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၅.၈၀၁၄)တန်၊ သစ်မာ (၈.၆၈၉၀)တန်၊ အခြား (၂၂.၃၉၅၈)တန်၊ စုစုပေါင်း (၄၆.၈၈၆၂)တန်၊ ယာဉ်/ ယန္တရား (၅)စီး၊ တရားခံ (၁၄) ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၈-၁-၂၀၂၄ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အမြန်လမ်းမကြီးရဲစခန်းအပိုင်၊ နေပြည်တော်- ရန်ကုန်လမ်းပိုင်း၊ မိုင်တိုင်အမှတ် (၁၁၅)၊ စစ်ဆေးရေးတိုးလ်ဂိတ်အနီးမှ တရားမဝင် ကညင်/တောင်ပိန်း/သင်္ဂဒူ ခွဲသား စုစုပေါင်း(၁၀၄)ချောင်း (၁၂.၃၀၅၀)တန်၊ (၂၂)ဘီး ကား (၁)စီး၊ တရားခံ(၄)ဦး တို့အား ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Wednesday, January 17, 2024 - 14:30