သစ်တောသုတေသနဌာန(ရေဆင်း)တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် မီးငြိမ်းသတ်ရေး သရုပ်ပြခြင်း

၁၇-၁-၂၀၂၄ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် သစ်တောသုတေသနဌာန၊ ရေဆင်း၊ စုဝေခန်းမ၌ ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသူပါ (၆)ဦးမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာ ဟောပြောပွဲ ကျင်းပရာ သစ်တောသုတေသန ဌာနမှ အရာထမ်း/အမှုထမ်း ဝန်ထမ်းအင်အား(၁၂၀)ဦး တက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ နေ့လယ်(၁၅:၃၀)နာရီအချိန်တွင် သစ်တောသုတေသနဌာန ဘောလုံးကွင်း၌ မီးငြိမ်းသတ်ရေး သရုပ်ပြခြင်းအားဆောင်ရွက်ရာ သစ်တောသုတေသနဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်း သား (၁၀)ဦးနှင့်ဝန်ထမ်းများမှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပါသည်။

date: 
Thursday, January 18, 2024 - 11:45