သစ်တောဦးစီးဌာန၊ပြည်နယ်နှင့်တိုင်းဒေသကြီးလုပ်ငန်းညှိနှိုင်းအစည်းအဝေး(ပထမအကြိမ်) ကျင်းပခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ၏ ပြည်နယ်နှင့်တိုင်းဒေသကြီးလုပ်ငန်းညှိနှိုင်းအစည်းအဝေး(ပထမအကြိမ်)ကို(၁၉-၁၂၀၂၄) ရက်နေ့ နံနက်(၀၈:၃၀)နာရီတွင် သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၌ Online စနစ်ဖြင့် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြည်နယ်နှင့် တိုင်းဒေသ ကြီး ညွှန်ကြားရေးမှူးများနှင့် ဦးစီးရုံးချုပ်ညွှန်ကြားရေးမှူးများက လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ကြမည့် အခြေအနေများကို ဆွေးနွေး တင်ပြကြသည့် ဆက်လက်၍ ဦးစီးရုံးချုပ်ရှိ ညွှန်ကြားရေးမှူးများမှ ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)နှင့် ဒုတိယညွှန်ကြားရေး မှူးချုပ်(မူဝါဒနှင့်စီမံကိန်း)တို့မှ ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားက အခမ်းအနားကို နေ့လည်(၁၄ :၀၀)နာရီတွင် ရုတ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။

date: 
Friday, January 19, 2024 - 15:00