သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးနှင့် တာဝန်ရှိသူများအား WIF အဖွဲ့ နှင့် FREDA အဖွဲ့မှ ကိုယ်စားလှယ်များမှလာရောက်တွေ့ဆုံ

၁၈-၁-၂၀၂၄ရက်‌နေ့ နံနက် (၉:၀၀)နာရီတွင် သစ်တောဦးစီးဌာန အစည်းအဝေးခန်းမ၌ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးနှင့် တာဝန်ရှိသူများအား WIF အဖွဲ့မှ ကိုယ်စားလှယ်များမှ လာရောက်တွေ့ဆုံပြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြပါသည်။ ဆက်လက်၍ FREDA အဖွဲ့မှ ကိုယ်စားလှယ်များက နေ့လည်(၁၁:၀၀)နာရီတွင် လာရောက်တွေ့ဆုံ၍ ဒီရေတောများ ပြန်လည် တည်ထောင်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

date: 
Friday, January 19, 2024 - 16:00