သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ၏ ( ၉/၂၀၂၃-၂၀၂၄)ကြိမ်မြောက် အစည်းအဝေးကျင်းပ

(၂၂-၁-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင် သစ်တောဦးစီးဌာနမှ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာ နှစ်အတွင်း ပြည်ထောင်စုသာမန်အသုံးစရိတ်ရန်ပုံငွေနှင့် စီမံကိန်းရန်ပုံငွေတို့ဖြင့် တည်ဆောက်ရေးလုပ်ငန်းနှင့် ပစ္စည်းဝယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် (၁/၂၀၁၇) နှင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီရုံး၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၂)တို့နှင့်အညီ အရည်အသွေး၊စံချိန်စံညွှန်းများနှင့် ဈေးနှုန်း များစိစစ်ဆောင်ရွက်ရန်အတွက် သစ်တောဦးစီးဌာနမှ ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် (စီမံခန့်ခွဲရေး)နှင့် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

date: 
Monday, January 22, 2024 - 12:00