မဲခေါင်ဒေသ(မြန်မာနိုင်ငံ)တွင် သစ်တော ဂေဟစနစ်များအား ဘက်စုံစီမံအုပ်ချုပ်ခြင်းနှင့် သရုပ်ပြခြင်းစီမံကိန်း

သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာနနှင့် တရုတ်နိုင်ငံ၊ သစ်တောပြန်လည် တည်ထောင်ခြင်းနှင့် ထာဝစဉ်တည်တံ့သော သစ်တောစီမံ အုပ်ချုပ်မှု ဆိုင်ရာ အာရှနှင့် ပစိဖိတ်ဒေသကွန်ယက်အဖွဲ့ (Asia Pacific Network for Sustainable Forest Managment and Rehabilitation-APFNet) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော မဲခေါင်ဒေသ(မြန်မာနိုင်ငံ)တွင် သစ်တော ဂေဟစနစ်များအား ဘက်စုံစီမံအုပ်ချုပ်ခြင်းနှင့် သရုပ်ပြခြင်းစီမံကိန်းမှ ကျေးလက် ဒေသဖွံ့ဖြိုးရေးအထောက်အကူပြု တံမြက်စည်းပြုလုပ် နည်း လက်တွေ့သင်ကြားခြင်း သင်တန်းအား ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့မှ (၂၁)ရက်နေ့အထိ ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာတွင် သင်တန်းသား (၃၀)ဦး ဖြင့် လက်တွေ့သင်ကြားပို့ချခဲ့ပါသည်။
သင်တန်းတွင် တံမြက်စည်းခုတ်ယူနည်း၊ အခြောက်လှန်းနည်း၊ တံမြက်စည်း အမွှေးများ ဖယ်ခြင်း/သန့်စင်ခြင်း၊ ခုတ်ဓားအသုံးပြု၍ ဖြတ်တောက်ခြင်း၊ မလုံး,လုံးခြင်း၊ မလုံးများ စုစည်းပြီး စူးချွန်အသုံးပြု၍ ကြိမ်ဖြင့် ကြိုးကျစ်ခြင်း၊ ပလပ်စတစ်အသုံးပြု၍ ကြိုးကျစ်ခြင်း၊ ဝါးအသုံးပြု၍ တံမြက်စည်းပြုလုပ်ခြင်း၊ တံမြက်စည်းများစည်းပြီးပါက အချောသတ်ခြင်း စသည်တို့ကို လက်တွေ့သင်ကြားခဲ့ပြီး သင်တန်းသား/သူများ ကိုယ်တိုင် လက်တွေ့ပြုလုပ်ခဲ့ကြပါသည်။

date: 
Tuesday, January 23, 2024 - 10:15