၁၅-၁-၂၀၂၄ ရက်နေ့မှ ၂၁-၁-၂၀၂၄ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃၂.၄၆၃၀)တန်၊ သစ်မာ (၁၆.၄၂၁၄)တန်၊ အခြား (၃၄.၄၁၄၆)တန်၊ စုစုပေါင်း (၈၃.၂၉၉၀)တန်၊ ယာဉ်/ ယန္တရား (၁၀)စီး၊ တရားခံ (၁၈) ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၆-၁-၂၀၂၄ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မြို့မအရှေ့ဘိနယ်၊ ဖြူးမြို့အနောက်ဘက် (ဒေသအခေါ်)အုတ်ကျင်း၊ လယ်ကွင်းအစပ်/ မြို့မအနောက်ဘိနယ်၊ ရန်ကုန်-မန္တလေး လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၁၂/၅)၏ အနောက်ဘက် (ဒေသအခေါ်) ကျွဲမကူးလမ်း ပေါက်/ (ဒေသအခေါ်) ညောင်ပင်ဝိုင်း/ ညောင်ပင်သာအနောက်ဘိနယ်/ ကျောက် ချောင်း(၃၊၄)ဘိနယ်၊ ဖြူးကွန်းကြိုးဝိုင်း၊ အကွက်အမှတ် (၈)နေရာတို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/ကညင် သစ်လုံး/ခွဲသား စုစုပေါင်း (၂၄၅၅)လုံး/ချောင်း (၂၆.၆၁၅၈) တန်၊ ဆိုင်ကယ် (၁)စီး ပိုင်ရှင်မဲ့ ဖမ်းဆီးရမိပါသည်။

date: 
Tuesday, January 23, 2024 - 13:45