သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော စာရင်းကိုင်(၄)ရာထူးနှင့် ပုံဆွဲ(၄) ရာထူးနေရာများတွင် ခန့်ထားရန်အတွက် ရေးဖြေစာမေးပွဲ ဖြေဆိုမည့် နေ့ရက်၊ အချိန်၊ နေရာနှင့် ခုံအမှတ်များ ကြေညာခြင်း

၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လစ်လပ်လျက်ရှိသော စာရင်းကိုင်(၄)နှင့် ပုံဆွဲ(၄) (လစာနှုန်း ကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်-
စဉ် ဘာသာရပ် ဖြေဆိုမည့်နေ့ရက် ဖြေဆိုမည့်အချိန် ဖြေဆိုမည့်နေရာ
၁ အထွေထွေဗဟုသုတ ၂၇-၁-၂၀၂၄
(စနေနေ့) ၀၉ : ၀၀ နာရီမှ
၁၁ : ၀၀ နာရီထိ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ။
စဉ် ခုံအမှတ် အမည် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် မှတ်ချက်
(က) စာရင်းကိုင်(၄)
၁ စာရင်း(၄)-၁ ဒေါ်အိမ့်မှူးခင် ၉/ပမန(နိုင်)၂၆၉၆၁၀
၂ စာရင်း(၄)-၂ ဒေါ်အေးချမ်းခိုင်မြင့် ၁၂/ရကန(နိုင်)၀၈၉၂၃၃
(ခ) ပုံဆွဲ(၄)
၃ ပုံဆွဲ(၄)-၁ ဒေါ်ခင်ခန့်ခန့်ထွန်း ၉/လဝန(နိုင်)၂၇၇၅၀၅
၂။ စာရင်းကိုင်(၄) နှင့် ပုံဆွဲ(၄) ရာထူးနေရာများအတွက် ဝင်ခွင့်လျှောက်ထားသူများ၏ ရေးဖြေ စာမေးပွဲဖြေဆိုရန် ခုံအမှတ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
၃။ စာရင်းကိုင်(၄)နှင့် ပုံဆွဲ(၄)ရာထူးနေရာများအတွက် ဝင်ခွင့်လျှောက်ထားသူများသည် ဖြေဆို မည့်နေ့မတိုင်မီ တစ်ရက်ကြိုတင်၍ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးဌာနသို့ သတင်းပေးပို့ရန် နှင့် စာမေးပွဲဖြေဆိုမည့်နေ့၏ နံနက်(၀၈:၃၀)နာရီအရောက် ဖြေဆိုမည့်နေရာသို့ အောက်ဖော်ပြပါ စာရွက်စာတမ်း (မူရင်း)များယူဆောင်၍ သတင်းပို့ရမည်ဖြစ်ပြီး (၉:၃၀)နာရီထက် နောက်ကျ၍ ရောက်ရှိလာသူများနှင့် အောက်ဖော်ပြပါ စာရွက်စာတမ်း(မူရင်း) မတင်ပြနိုင်သူများကို စာမေးပွဲ ဖြေဆိုခွင့် ခွင့်ပြုမည်မဟုတ်ပါ-
(က) ဘွဲ့လက်မှတ်(မူရင်း)နှင့် ကွန်ပျူတာအခြေခံသင်တန်းအောင်လက်မှတ်(မူရင်း)
(ခ) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်(မူရင်း)
(ဂ) လျှောက်လွှာပိတ်ရက်မတိုင်မီ(၆)လအတွင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ထောက်ခံ ထားသည့် ပြစ်မှု/မှုခင်းကင်းရှင်းကြောင်း ထောက်ခံချက်(မူရင်း)
(ဃ) နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)
(င) ပြင်ပမှလျှောက်ထားသူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြား(မူရင်း)
(စ) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်(မူရင်း)
၄။ ရေးဖြေစာမေးပွဲ လာရောက်ဖြေဆိုရာတွင်လည်းကောင်း၊ လူတွေ့စစ်ဆေးခံရန် လာရောက် သည့်အခါတွင်လည်းကောင်း မိမိစရိတ်ဖြင့် လာရောက်ကြရမည်။ ရေးဖြေစာမေးပွဲတွင် အမှတ် အများဆုံးရရှိသူများမှ လူတွေ့စစ်ဆေးမည့် အရေအတွက်ကို နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ၂၀(င)၇ နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး လူတွေ့စစ်ဆေးခြင်းနှင့် ကွန်ပျူတာကျွမ်းကျင်မှု စစ်ဆေးခြင်း ဆောင်ရွက်မည့် နေ့ရက်၊ အချိန်၊ နေရာတို့ကို ဆက်လက်ထုတ်ပြန်သွားပါမည်။
၅။ အခြားစုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်၊ ၀၆၇-၃၄၀၅၄၀၃၊ ၀၆၇-၃၄၀၅၁၈၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

သစ်တောဦးစီးဌာန

date: 
Thursday, January 25, 2024 - 15:00