နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ကိုင်မှုဗဟိုကော်မတီ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ကော်မတီအတွင်းရေးမှူးများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ကိုင်မှုဗဟိုကော်မတီ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ကော်မတီအတွင်းရေးမှူးများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၂၆-၁-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လုပ်ငန်းဗဟိုကော်မတီ အတွင်းရေးမှူး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်ဦးလှမောင်သိန်း တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားသည်။
နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေ များ၊ စတုတ္ထအကြိမ် ဗဟိုကော်မတီအစည်းအဝေး၏ အစည်းအဝေးဆုံးဖြတ်ချက်များ၊ လုပ်ငန်း အစီအစဉ်များ ကြိုတင်ညှိနှိုင်းဆွေးနွေးရန်နှင့် သက်ဆိုင်ရာအစည်းအဝေးဆုံးဖြတ်ချက်များ အလိုက် ဆောင်ရွက်တိုးတက်မှု အခြေအနေများကို ထိထိရောက်ရောက် တင်ပြဆွေးနွေးကြပြီး ကြိုတင် ပြင်ဆင်ဆောင်ရွက်မည့်အစီအစဉ်များ၊ ရည်ရွယ်ချက်များနှင့်အညီ ပင်လယ်ကမ်းရိုးတန်း ကော်မတီ များ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်တိုးတက်မှုအခြေအနေများကို တိုင်းဒေသကြီး/ ပြည်နယ် အဆင့် ကော်မတီအတွင်းရေးမှူးများမှ ထိထိရောက်ရောက်၊ ပွင့်ပွင့်လင်းလင်းဆွေးနွေးကြကြောင်း သိရှိရပါသည်။

date: 
Friday, January 26, 2024 - 11:45