သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော စာရင်းကိုင်-၄ ရာထူးနေရာများတွင် ခန့်ထားရန်အတွက် ကွန်ပျူတာကျွမ်းကျင်မှုနှင့် လူတွေ့စစ်ဆေးမည့် အစီအစဉ်ကြေညာခြင်း

၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လစ်လပ်လျက်ရှိသော စာရင်းကိုင်-၄ (လစာနှုန်း ကျပ် ၁၈၀၀၀၀-၂၀၀၀ -၁၉၀၀၀၀) ရာထူးနေရာများတွင် ရွေးချယ်ခန့်ထားနိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့် အညီ အထွေထွေဗဟုသုတဘာသာရပ် ရေးဖြေစစ်ဆေးခြင်းကို ၂၇-၁-၂၀၂၄ ရက်နေ့တွင် သစ်တော ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင် ပြုလုပ်ခဲ့ပြီး ရေးဖြေစာမေးပွဲ ဖြေဆိုသူများ အနက် အောက်ဖော်ပြပါ (၂)ဦးကို ၃၀-၁-၂၀၂၄ ရက်နေ့(အင်္ဂါနေ့) နေ့လည် (၁၄:၀0) နာရီမှစ၍ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လူတွေ့စစ်ဆေးခြင်းနှင့် ကွန်ပျူတာကျွမ်းကျင်မှု စစ်ဆေးခြင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
စဉ် ခုံအမှတ် အမည် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် မှတ်ချက်
၁ စာရင်း(၄)-၁ ဒေါ်အိမ့်မှူးခင် ၉/ပမန(နိုင်)၂၆၉၆၁၀
၂ စာရင်း(၄)-၂ ဒေါ်အေးချမ်းခိုင်မြင့် ၁၂/ရကန(နိုင်)၀၈၉၂၃၃
၂။ လူတွေ့စစ်ဆေးခြင်းနှင့် ကွန်ပျူတာကျွမ်းကျင်မှု ဖြေဆိုမည့်သူများအနေဖြင့် သစ်တောဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးဌာနသို့ နေ့လည်(၁၃:၃၀)နာရီအရောက် အောက်ဖော်ပြပါ စာရွက်စာတမ်းများနှင့်အတူ လာရောက်သတင်းပေးပို့ရမည်ဖြစ်ပြီး စတင်စစ်ဆေးမည့် သတ်မှတ် ချိန်ထက် နောက်ကျ၍ ရောက်ရှိလာသူများကို ဖြေဆိုခွင့်ပြုမည်မဟုတ်ပါ-
(က) နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း
(ခ) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်နှင့် ဘွဲ့လက်မှတ် မူရင်း
(ဂ) ကွန်ပျူတာအခြေခံသင်တန်းတက်ရောက်ပြီးကြောင်း အောင်လက်မှတ် မူရင်း
၃။ အခြားစုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်၊ ၀၆၇-၃၄၀၅၄၀၃၊ ၀၆၇-၃၄၀၅၁၈၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

သစ်တောဦးစီးဌာန

date: 
Monday, January 29, 2024 - 15:15