၂၂-၁-၂၀၂၄ ရက်နေ့မှ ၂၈-၁-၂၀၂၄ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၃.၂၈၉၄)တန်၊ သစ်မာ (၈.၆၁၇၈)တန်၊ အခြား (၉၅.၆၇၁၄)တန်၊ စုစုပေါင်း (၁၂၇.၅၇၈၆)တန်၊ ယာဉ်/ ယန္တရား (၈)စီး၊ တရားခံ (၁၃) ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၇-၁-၂၀၂၄ ရက်နေ့၊ ကချင်ပြည် နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊ မချမ်းဘောဘိနယ်၊ ထီခကြိုးပြင်ကာကွယ် တောအတွင်းမှ တရားမဝင် ကညင်/ကြေးလံ/စကားဝါ/သဒီ သစ်လုံး စုစုပေါင်း (၈၉)လုံး (၇၄.၆၅၆၀)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Tuesday, January 30, 2024 - 14:45