"ရေအသုံးချခြင်းဆိုင်ရာလုံခြုံမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုအသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း"

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂) အစီအစဉ်၏ ရန်ပုံငွေ အထောက်အပံ့ဖြင့် သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာနမှ ဆောင်ရွက် လျက်ရှိသည့် "ရေ အသုံးချခြင်းဆိုင်ရာ လုံခြုံမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှု အသိပညာ ပေးခြင်း စီမံကိန်း (MLC-Education Project)" စီမံကိန်းမှ မြန်မာနိုင်ငံ၊ မဲခေါင်မြစ်ဝှမ်းဒေသအတွင်း နေထိုင်သည့် ဒေသခံများ၏ ရေသုံးစွဲမှု နည်းစနစ်များအား ဆန်းစစ် လေ့လာခြင်း၊ ဒေသခံ ပြည်သူများ၏ စိတ်ချ ယုံကြည်ရသော သောက်သုံးရေနှင့် ရေညစ်ညမ်းမှု အခြေအနေတို့အပေါ် သိရှိမှုအခြေအနေအား လေ့လာ ဆန်းစစ်ခြင်း၊ ဒေသခံ ပြည်သူများအား ရေညစ်ညမ်း စေသည့် အကြောင်းအရာနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သည့် လုပ်ငန်းစဉ်များအား အသိပညာ တိုးမြှင့်ပေးခြင်းလုပ်ငန်းများအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ တာလေမြို့နယ်၊ ကျိုင်းလပ်မြို့နယ်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းယောင်းမြို့နယ်ရှိ ကျေးရွာ (၂၉) ရွာတို့တွင် ဆောင်ရွက်ခဲ့ ပါသည်။
ဒေသခံများ အသုံးပြုလျက်ရှိသည့် သောက်သုံးရေ၊ နေ့စဉ်သုံးရေ၊ စိုက်ပျိုးရေတို့၏ အရည်အသွေး အခြေအနေလေ့လာဆန်းစစ်ရန် အဆိုပါမြို့နယ်အတွင်းရှိ စိမ့်စမ်းရေ၊ တွင်းရေ၊ ချောင်းရေတို့မှ ရေနမူနာ များကောက်ယူစုဆောင်းခဲ့ပြီး သစ်တောသုတေသနဌာန၊ ရေအရည်အသွေး ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲ စမ်းသပ်ခြင်း လုပ်ငန်းအား ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, January 30, 2024 - 15:45