သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးရှိ ဌာနခွဲများ၏ (၇၈) ကြိမ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားလှုပ်ရှားမှု၊ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ
သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးရှိ ဌာနခွဲများ၏ (၇၈) ကြိမ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားလှုပ်ရှားမှုအဖြစ် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲများကျင်းပရာ (၁၅-၁၂-၂၀၂၅) ရက်၊ နံနက် ၀၉း၃၀ နာရီအချိန်မှစ၍ ရုံးအမှတ် (၃၉)ရှိ ပိုက်ကျော်ခြင်းအားကစားကွင်း၌ ပိုက်ကျော်ခြင်း(အမျိုးသား) အုပ်စုအလိုက် ပွဲစဥ်များ အကြိတ်အနယ် ယှဥ်ပြိုင်ကစားကြရာ စီမံခန့်ခွဲရေးရာဌာနခွဲအသင်းက ဘဏ္ဍာရေးရာဌာနခွဲအသင်းအား (၂/၀) ပွဲ ရလဒ်ဖြင့်လည်းကောင်း၊ စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲအသင်းက လုပ်ငန်း+စိုက်ခင်းဌာနခွဲတို့၏အသင်းအား (၂/၀) ပွဲရလဒ်ဖြင့်လည်းကောင်း၊ တိုးချဲ့ပညာပေးရေးဌာနခွဲအသင်းက ရေဝေရေလဲဒေသအုပ်ချုပ်ရေးဌာနခွဲအသင်းအား(၂/၁)ပွဲရလဒ် လည်းကောင်း အသီးသီး အနိုင်ရရှိကြကြောင်း သတင်းရရှိသည်။
