၂၀၂၄ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့(World Wetlands Day)အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်း

၂၀၂၄ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့(World Wetlands Day)အထိမ်းအမှတ်အခမ်းအနား ကို (၂-၂-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ပျဉ်ပုံကြီး တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။
ဒုတိယဝန်ကြီးက ပြောကြားရာတွင် ရေဝပ်ဒေသများသည် လူသားများအတွက် မရှိမဖြစ် လိုအပ်သော အစားအစာ၊ ရေနှင့် အခြားသောသယံဇာတအရင်းအမြစ်များစွာကို ထောက်ပံ့ပေး လျက်ရှိပြီး ရွှေ့ပြောင်းရေပျော်ငှက်များ၊ ရှားပါးမျိုးစိတ်များနှင့် ကမ္ဘာပေါ်ရှိ အပင်နှင့် တိရစ္ဆာန်မျိုး စိတ်များ၏ ၄၀ % ခန့် မှီတင်းနေထိုင်လျက်ရှိကြောင်း၊ နိုင်ငံတကာအဆင့် အရေးကြီးသောရေဝပ် ဒေသစာရင်းဝင် နေရာပေါင်း(၂၅၀၃)ခုအထိရှိပြီး မြန်မာနိုင်ငံတွင် ရေဝပ်ဒေသစုစုပေါင်း (၉၉)ခုကို ဖော်ထုတ်မှတ်တမ်းတင်ထားရှိပြီးဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့၏ ဆောင်ပုဒ် မှာ Wetlands and Human Wellbeing(လူသားတို့ကျန်းမာပျော်ရွှင်ဖို့၊ ရေဝပ်ဒေသများ ထိန်းသိမ်း စို့)ဖြစ်ကြောင်း၊ ရေဝပ်ဒေသများ စဉ်ဆက်မပြတ် တည်ရှိနေမှသာ ရေဝပ်ဒေသများ၏ ဂေဟစနစ် များ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ရေဝပ်ဒေသအပေါ် မှီခိုနေကြသည့် ဒေသခံပြည်သူများ၏ လူမှုစီးပွားအခြေ အနေများ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ကမ္ဘာ့အဆင့်ရမ်ဆာရေဝပ်ဒေသအဖြစ် မိုးယွန်း ကြီးအင်း၊ မိန်းမလှကျွန်း၊ မုတ္တမပင်လယ်ကွေ့၊ အင်းလေးကန်၊ နံ့သာကျွန်းနှင့် မေယုမြစ်ဝ (၆)ခုကို သတ်မှတ်ခံထားရပြီးဖြစ်ကြောင်း၊ မိုးယွန်းကြီးအင်းသည် အရှေ့အာရှ - ဩစတြေးလျငှက် ပျံသန်း ရာလမ်းကြောင်း (East-Asian Australasian Flyway)နှင့် ဗဟိုအာရှဒေသငှက်ပျံသန်းရာလမ်း ကြောင်း (Central Asian Flyway)တွင် ကျရောက်လျက်ရှိပြီး မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ် များဖြစ်သည့် ကြိုးကြာ၊ လင်းယုန်၊ ဆောက်လိပ်များရှိခြင်း၊ ရေပျော်ငှက်အကောင်အရေ (၂၀,၀၀၀) နှင့်အထက် ကျက်စားလျက်ရှိကြောင်း၊ ဆောင်းခိုငှက်အကောင်အရေ (၂၀,၀၀၀)မှ (၃၀,၀၀၀)အထိ ကျရောက်ခဲ့ကြောင်း၊ လူသားများအတွက် မျက်မှောက်ကာလတွင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝ ဘေးအန္တရာယ်ကပ်ဘေးကျရောက်မှုများ လျော့ပါးစေနိုင်ရန် ရေဝပ်ဒေသများအား ထိန်းသိမ်းကာ ကွယ်ရာတွင် အားလုံးကပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် ကမ္ဘာ့ရေဝပ်ဒေသများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။ ယင်းနောက် တက်ရောက် လာသူများက အခမ်းအနားတွင်ပြသထားသော ပိုစတာများ၊ ဓာတ်ပုံများနှင့် ဆုရရှိသည့် စာစီစာကုံး များခင်းကျင်းပြသထားရှိမှုများကိုကြည့်ရှုကာ မိုးယွန်းကြီးအင်းအတွင်းလှည့်လည်ကြည့်ရှုကြသည်။
အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပဲခူးတက္ကသိုလ် ပါမောက္ခချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဥပဒေချုပ်၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း)၊ တိုင်း/ခရိုင်/မြို့နယ်မှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများနှင့် ဆုရကျောင်းသား/ ကျောင်းသူများ၊ ကျေးရွာအဆင့်ဒေသခံကိုယ်စားလှယ်များ၊ ကုမ္ပဏီအသင်းအဖွဲ့မှတာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရသည်။

date: 
Friday, February 2, 2024 - 14:30