ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်ကိုကျင်းပပြုလုပ်

၅-၂-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်း ခန်းမ၌ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိ လာသောဝန်ထမ်း များမှ အတွေ့အကြုံရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေး မှူးချုပ်ရုံးမှအရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ပါသည်။ အစီအစဉ်အရ ဒေါက်တာ သင်းသင်း(လက်ထောက်ညွှန်ကြားရေးမှူး)စီမံကိန်းနှင့်စာရင်းအင်းဌာနကအင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပသည့် အာဆီယံဒေသအတွင်းရှိ စားရေရိက္ခာစနစ်များရေရှည် တည်တံ့ စေရေးဆိုင်ရာ နိုင်ငံတကာအလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့သည် အတွေ့အကြုံ ဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသူ များမှ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

date: 
Monday, February 5, 2024 - 14:00