သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) အငယ်တန်းစာရေးရာထူး(၅)နေရာနှင့် စာရင်းကိုင်(၄) ရာထူး(၅)နေရာတို့အတွက် လျှောက်လွှာများ ခေါ်ယူခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) အငယ်တန်းစာရေးရာထူး(၅)နေရာနှင့် စာရင်းကိုင်(၄) ရာထူး(၅)နေရာတို့အတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
( ခ ) ၃၁-၁၂-၂၀၂၅ ရက်နေ့တွင် အသက်(၃၅)နှစ်ထက်မကြီးသူ (နိုင်ငံ့ဝန် ထမ်းဖြစ် ပါက အသက် ၄၀ နှစ်ထက်မကြီးသူ) ဖြစ်ရမည်။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဌာနအကြီးအမှူး၏ ခွင့်ပြုချက်တင်ပြရမည်၊
( ဂ ) အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း(Dismissal)၊ ရာထူးမှ ထုတ် ပယ်ခြင်း (Removal) ၊ အမည်မည်းစာရင်း(Black List)ရေးသွင်းခြင်းခံရသူများ လျှောက်ထားခွင့် မရှိပါ။
(ဃ) ဘွဲ့တစ်ခုခုရရှိသူ ဖြစ်ရမည်၊ (ဘွဲ့လက်မှတ်မူရင်း တင်ပြရမည်)
( င) ကွန်ပျူတာအခြေခံသင်တန်းတက်ရောက်အောင်မြင်သူဖြစ်ရမည်၊ (အောင်လက်မှတ်မူရင်းတင်ပြရမည်)
( စ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်၊
(ဆ) ပြစ်မှု/ပြစ်ဒဏ် ကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်းမှထောက်ခံချက် ပေးအပ် နိုင်သူ ဖြစ်ရမည်၊
( ဇ) အနည်းဆုံး လုပ်သက်တစ်ဆက်တည်း(၃)နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
၃။ လျှောက်လွှာကို ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူ အောက်ပါအထောက်အထားများ (pdf format ဖြင့် scan ဖတ်၍ ) ပူးတွဲလျက် forestadmdev@gmail.com သို့ Online စနစ်ဖြင့် ဖြစ်စေ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ ၃၁-၁၂-၂၀၂၅ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်-
(က) ဘွဲ့လက်မှတ်မိတ္တူနှင့် ကွန်ပျူတာအခြေခံသင်တန်း အောင်လက်မှတ်မိတ္တူ (စာမေးပွဲဖြေဆိုသည့်အခါ မူရင်းများ တင်ပြရန်)၊
( ခ ) အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ
(စစ်ဆေးသည့်အခါ အောင်လက်မှတ်မူရင်း တင်ပြနိုင်ရမည်)၊
( ဂ ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၆)လအတွင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ထောက်ခံ ထားသည့် ပြစ်မှု/မှုခင်း ကင်းရှင်းကြောင်းထောက်ခံချက်မူရင်း၊
( ဃ) ပြင်ပမှလျှောက်ထားသူများအတွက်အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ (စစ်ဆေးသည့်အခါတွင် မူရင်း တင်ပြနိုင်ရမည်)၊
(င ) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်မူရင်း၊
၄။ ရေးဖြေစာမေးပွဲကို အထွေထွေဗဟုသုတဘာသာရပ် စစ်ဆေးခြင်း၊ ကွန်ပျူတာအခြေခံ ကျွမ်းကျင်မှု စစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းတို့အား ဆောင်ရွက်မည်ဖြစ်ပြီး ရေးဖြေစာမေးပွဲကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
စဉ် ဘာသာရပ် ဖြေဆိုမည့်နေ့ရက် အချိန်
၁ အထွေထွေဗဟုသုတ ၅-၁-၂၀၂၆
(တနင်္လာနေ့) ၀၉ : ၀၀ နာရီ မှ ၁၁ : ၀၀ နာရီထိ
၅။ ရေးဖြေစာမေးပွဲအတွက် ကြိုတင်လေ့လာရမည့် အကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) နိုင်ငံ့ဝန်ထမ်းဉပဒေအခန်း (၁)၊ အခန်း (၄)၊ အခန်း (၆)၊ အခန်း (၁၁)၊ အခန်း (၁၂)၊
(ခ ) ရုံးလုပ်ငန်းလက်စွဲ(၂၀၂၀) အခန်း (၁)၊ အခန်း (၂)၊ အခန်း (၃)၊ အခန်း (၄)၊
(ဂ ) ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ (၂၀၂၄) စာအုပ်ပါ မြန်မာနိုင်ငံ၏ ပထဝီဝင်ဆိုင်ရာ အချက်အလက် များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ အစိုးရဝန်ကြီးဌာနများ ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များ။
၆။ ရေးဖြေစာမေးပွဲဖြေဆိုမည့်နေရာ၊ စာမေးပွဲဖြေဆိုရန်အတွက် လျှောက်ထားသူတစ်ဦးချင်း စီ၏ စာမေးပွဲခုံနံပါတ်၊ ကွန်ပျူတာအခြေခံကျွမ်းကျင်မှုနှင့် လူတွေ့စစ်ဆေးမည့် နေ့ရက်၊ အချိန်၊ နေရာတို့ကို သစ်တောဦးစီးဌာန Website-www.forestdepartment.gov.mm တွင် ကြေညာပေး သွားမည်ဖြစ်ပါသည်။
၇။ စည်းကမ်းနှင့်မကိုက်ညီသော (သို့မဟုတ်) မပြည့်စုံသော (သို့မဟုတ်) သတ်မှတ်ရက်ထက် ကျော်လွန်မှ ရောက်ရှိလာသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။
၈။ အခြားစုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်- ၀၆၇-၃၄၀၅၁၈၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး လျှောက်လွှာပုံစံများကို https://bitly/cx/zJQd တွင် download ရယူနိုင်ပါသည်။

သစ်တောဦးစီးဌာန

date: 
Wednesday, December 24, 2025 - 11:45