သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး) ဦးကျော်ဇေယျ၊ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)အတွင်းဆင်မကြီး(မိုမို)အားကျန်းမာရေးစောင့်ရှောက်ထားရှိမှုအခြေအနေ၊ သဘာဝသမိုင်းပြတိုက်နှင့်တိရစ္ဆာန်ပြကွက်များပြင်ဆင်ထားရှိမှုအခြေအနေများအားကြည့်ရှု့စစ်ဆေး

(၁၀-၂-၂၀၂၄)ရက်နေ့၊ ညနေပိုင်းတွင်သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး)၊ ဦးကျော်ဇေယျသည် ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ရောဂါရှာဖွေရေးနှင့်ထိန်းချုပ်ရေးဌာန(အင်းစိန်)မှ ဒေါက်တာဝင်းမြင့်(Htoo Zoo and Garden Business Unit)မှ အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေး၊တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) အုပ်ချုပ်ရေးမှူး ဦးသန်းမြင့်ထွန်းနှင့်တာဝန်ရှိသူများလိုက်ပါ၍ ဆင်မကြီး(မိုမို)၏ ကျန်းမာရေးအခြေ အနေနှင့် ကုသပြုစုထားရှိမှု အခြေအနေများ၊ တိရစ္ဆာန်ဥယျာဉ်အတွင်း တိရစ္ဆာန်များထိန်းသိမ်း ထားရှိမှုအခြေအနေများ၊ သဘာဝသမိုင်းပြတိုက်နှင့်တိရစ္ဆာန်ပြပြကွက်များ ပြသထားရှိမှုအခြေအနေများ အားအသေးစိတ်ကြည့်ရှု့စစ်ဆေးခဲ့ကြပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)မှ လိုအပ်သည်များ လမ်းညွှန်မှာကြားဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

date: 
Sunday, February 11, 2024 - 20:30