၅-၂-၂၀၂၄ ရက်နေ့မှ ၁၁-၂-၂၀၂၄ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃၅.၀၇၈၈)တန်၊ သစ်မာ (၆.၈၈၆၇)တန်၊ အခြား (၁၀၁.၆၆၁၃)တန်၊ စုစုပေါင်း (၁၄၃.၆၂၆၈)တန်၊ ယာဉ်/ ယန္တရား (၁၄)စီး၊ တရားခံ (၂၃) ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၆-၂-၂၀၂၄ ရက်နေ့၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ဗျင်ကျယ်ဘိနယ်၊ အဆုံဇီးကုန်းကျေးရွာ၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ မိုင်တိုင်အမှတ်(၂၄၆/၂)အနီး၊ ကင်းသာလမ်းခွဲအနီးရှိ ဦးနေထွန်းစိုး ၏ နေအိမ်ခြံဝင်းအတွင်းနှင့် ၎င်းခြံဝင်းကပ်လျက်ရှိ ယာကွင်းစပ်အတွင်း/ ဦးသောင်းရှိန် ၏ သစ်ခွဲသားအရောင်းဆိုင် တို့မှ တရားမဝင် အခြားသစ်လုံး/ခွဲသား/ခွဲခြမ်း (၁၅၆၉) လုံး/ချောင်း/ခြမ်း (၃၉.၇၁၇၉)တန်၊ (၆)ဘီးယာဉ် (၁)စီး၊ အင်ဂျင် (၁)လုံး၊ လွှဝိုင်း (၃)ဝိုင်း၊ တရားခံ (၂)ဦး ဖမ်းဆီးရမိပါသည်။

date: 
Wednesday, February 14, 2024 - 10:45