မုတ္တမပင်လယ်ကွေ့စီမံကိန်းနှင့်ပတ်သက်၍ ၂၀၂၄ ခုနှစ်တွင် မွန်ပြည်နယ်အတွင်း သစ်တော ကဏ္ဍဆိုင်ရာ လုပ်ဆောင်မည့် လုပ်ငန်းအခြေအနေများအား စီမံကိန်းတာဝန်ရှိသူများမှ လာရောက်တွေ့ဆုံ ရှင်းလင်းတင်ပြခြင်း

မုတ္တမပင်လယ်ကွေ့စီမံကိန်းနှင့်ပတ်သက်၍ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၊ မွန်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး အစည်းအဝေး ခန်းမတွင် သစ်တောဦးစီးဌာန၊ ပြည်နယ်/ခရိုင်/ မြို့နယ် တာဝန်ခံများအား ၂၀၂၄ ခုနှစ်တွင် မွန် ပြည်နယ်ရှိ စီမံကိန်းမြို့နယ်များအတွင်း သစ်တောကဏ္ဍဆိုင်ရာလုပ်ဆောင်မည့် လုပ်ငန်းအခြေ အနေများကို စီမံကိန်းတာဝန်ရှိသူများမှ လာရောက်တွေ့ဆုံ ရှင်းလင်းတင်ပြခဲ့ပါသည်။ စီမံကိန်း တာဝန်ရှိသူများမှ မုတ္တမပင်လယ်ကွေ့ စီမံကိန်းနှင့်ပတ်သက်၍ စီမံကိန်းဆိုင်ရာ အချက်အလက် များ၊ စီမံကိန်းမှ သစ်တောကဏ္ဍဆိုင်ရာ ဆောင်ရွက်ပြီးစီးခဲ့မှုအခြေအနေများအား ရှင်းလင်းဆွေး နွေးတင်ပြခဲ့ရာ ရှင်းလင်းဆွေးနွေးတင်ပြမှုများအပေါ် မွန်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။

date: 
Friday, February 16, 2024 - 15:30