GIS ကိုင်တွယ်အသုံးချခြင်း၊ Global Mapper နှင့် ArcGIS Software များအသုံးပြု၍ မြေပုံထုတ်လုပ်ခြင်းသင်တန်းကျင်းပခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် ကိုရီးယားနိုင်ငံ၊ အာရှဒေသသစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(Asian Forest Cooperation Organization-AFoCO)အထောက်အပံ့ဖြင့် သစ်တောမှီခိုနေထိုင်သူများ၏ လူမှု ဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်တောထိန်းသိမ်းခြင်းနှင့် ဒေသခံပြည်သူအခြေပြု စီးပွား ရေးလုပ်ငန်းများဖွံ့ဖြိုးမှုဆိုင်ရာ စံပြသစ်တောတည်ထောင်ခြင်းစီမံကိန်း (FD-AFoCO Model Forest Project) ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလမှစတင်၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ (၄)နှစ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ထာဝစဉ်တည်တံ့စေသော သစ်တောစီမံ အုပ်ချုပ်မှုကို အထောက်အကူပြုစေရေးနှင့် သစ်တောဝန်ထမ်းများ၏ စွမ်းဆောင်ရည်တိုးတက် မြင့်မားစေရေးအတွက် သစ်တောဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးတွင် (၁၇-၂-၂၀၂၄) ရက်နေ့မှ (၂၁-၂-၂၀၂၄)ရက်နေ့အထိ ကွန်ပျူတာကိုင် တွယ်အသုံးပြုလျက်ရှိသော သစ်တောဝန်ထမ်း(၂၀)ဦးဖြင့် ဖွင့်လှစ်ပို့ချမည့် GIS ကိုင်တွယ်အသုံးချခြင်း၊ Global Mapper နှင့် ArcGIS Software များအသုံးပြု၍ မြေပုံထုတ်လုပ်ခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို (၁၇-၂-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦးက Online မှတစ်ဆင့် သင်တန်းဖွင့်ဩဝါဒ စကားပြောကြားခဲ့ပြီး လေ့ကျင့်ရေးနှင့် သုတေသနဖွံ့ဖြိုးရေးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးတင့်ခိုင်၊ ပဲခူးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး၊ ဦးချစ်ဦး(၂) နှင့် လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများ၊ သင်တန်းဆရာများ၊ သင်တန်းသားများအပါအဝင် စုစုပေါင်း(၃၄)ဦး ပါဝင်တက် ရောက်ကြကြောင်း သိရှိရသည်။

date: 
Saturday, February 17, 2024 - 18:45