ပုပ္ပါးချစ်သူများ၏ ပုပ္ပါးတောင်မကြီး တောင်တက်လမ်းတစ်လျှောက်စုပေါင်း အမှိုက်ကောက်ခြင်း

၁၈-၂-၂၀၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် ပုပ္ပါးတောင်ဥယျာဉ်အုပ်ချုပ်ရေးမှူးနှင့် အတူ ဝန်ထမ်းများ ဌာနဆိုင်ရာများ ပုပ္ပါးချစ်သူများ စုစုပေါင်းအင်အား (၂၀၀)ခန့်သည် Keep Popa Alive အဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် ပုပ္ပါးတောင်မကြီး တောင်တက်လမ်းတစ်လျှောက် အမှိုက်များ ကောက်ယူခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအဖွဲ့သည် အမှိုက်ကောက် ခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းမျာအား ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေးနှင့် ပုပ္ပါးတောင်သာယာလှပရေးအတွက် နံနက်(၀၇:၀၀)မှ နေ့လယ်(၁၅:၀၀) နာရီအထိ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

date: 
Tuesday, February 20, 2024 - 09:45