၁၂-၂-၂၀၂၄ ရက်နေ့မှ ၁၈-၂-၂၀၂၄ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၆၄.၀၇၈၇)တန်၊ သစ်မာ (၁၂.၅၇၈၄)တန်၊ အခြား (၅၁.၁၈၅၈)တန်၊ စုစုပေါင်း (၁၂၇.၈၄၂၉)တန်၊ ယာဉ်/ ယန္တရား (၈)စီး၊ တရားခံ (၂၂) ဦး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၇-၂-၂၀၂၄ ရက်နေ့၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ မြို့မဘိနယ်၊ သာစည်ကျေးရွာဘုန်းကြီးကျောင်း၏ အနောက်ဘက်ကပ်လျက် ငှက်ပျောြခံအတွင်း/ ကြက်သွန်ခင်းကျေးရွာနေ ဒေါ်စန်းဝင်း၏ နေအိမ်ခြံဝင်းအတွင်း၊ ဦးဇေယျာဦး၏ နေအိမ်ခြံဝင်းအတွင်း၊ ဦးကျော်မင်းအောင်၏ နေအိမ်ခြံဝင်းအတွင်း၊ ဦးလှမိုး၏ နေအိမ်ခြံဝင်းအတွင်း/ ပေါက်ပင်သာ(တဲစု)ရွာ အနောက်ဘက် ဆည်မြောင်းဘောင်ပေါ်/ ရွာဘုန်းကြီးကျောင်းအနောက်ဘက် ခြံဝင်း အလွတ်အတွင်း/ ရွာအနောက်ဘက် လယ်ကွင်းစပ်/ ရွာအရှေ့ဘက် လယ်ဝင်းစပ်/ ပေါက်ပင်သာ(တဲစု)ရွာနေ ဦးနန်းဝင်း၏ နေအိမ်ခြံဝင်းအတွင်း တို့မှ တရားမဝင် ကျွန်း သစ်လုံး/ခွဲသား/လုံးပတ်၃ပေအောက်သစ်/ဆက်တီ (၃၂၈) လုံး/ချောင်း (၂၂.၈၇၁၂)တန်၊ ကား (၁)စီး၊ အင်ဂျင် (၂)လုံး၊ လွှဝိုင်း (၂)ဝိုင်းနှင့်ဆက်စပ်ပစ္စည်းများ၊ တရားခံ (၅)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Tuesday, February 20, 2024 - 14:30