(၃၅)ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ ကျင်းပပြုလုပ်

(၃၅)ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ ပထမနေ့အဖြစ် ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်၊ ရေဆင်း၊ သစ်တောသုတေသန၊ စုဝေး ခန်းမ၌ (၂၀-၂-၂-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ သဘာပတိ များအဖြစ် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း) ဦးဖေချစ်၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)ဒေါက်တာညီညီကျော်၊ သတ္တုတွင်းဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်သက်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဒေါ်ခင်ကြည် တို့မှ ဆောင်ရွက်ခဲ့ကြပြီး ဇီဝမျိုးစုံမျိုးကွဲ လေ့လာဆန်းစစ်ခြင်း၊ သစ်တောစီမံအုပ်ချုပ်ခြင်းနှင့် စိုက်ပျိုးပြုစုခြင်းဆိုင်ရာ စာတမ်း(၅)စောင် ၊ သစ်တောကဏ္ဍဆိုင်ရာ စာတမ်း(၅)စောင်၊ အပင် ရောဂါနှင့် အင်းဆက်ပိုးမွှားကာကွယ်နှိမ်နင်းခြင်းဆိုင်ရာ စာတမ်း(၂)စောင် စုစုပေါင်းသုတေသန စာတမ်း (၁၂) စောင် ဖတ်ကြားခဲ့ပါသည်။ စာတမ်းဖတ်ပွဲကို (၂၀-၂-၂၀၂၄)ရက်နေ့မှ (၂၂-၂-၂၀၂၄) ရက်နေ့အထိ (၃)ရက်အကြာ ကျင်းပသွားမည်ဖြစ်ပြီး ဒုတိယနေ့နှင့် တတိယနေ့များတွင် ရာသီ ဥတုပြောင်းလဲခြင်းနှင့် ကာဗွန်ဆိုင်ရာစာတမ်း(၂)စောင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စာတမ်း(၄)စောင်၊ သစ်ဂုဏ်သတ္တိနှင့် သစ်အသုံးချခြင်းဆိုင်ရာ စာတမ်း(၅)စောင်၊ မြေအသုံးချမှု ပြောင်းလဲခြင်းအား RS, GIS အသုံးပြု၍ လေ့လာဆန်းစစ်ခြင်းဆိုင်ရာစာတမ်း(၂)စောင်၊ ရေ နှင့် မြေ အရည်အသွေးလေ့လာဆန်းစစ်ခြင်းဆိုင်ရာစာတမ်း(၂)စောင်၊ လူမှုသစ်တောလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စာတမ်း(၃)စောင် စုစုပေါင်းစာတမ်း(၁၈)စောင် ဆက်လက်ဖတ်ကြား သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

date: 
Tuesday, February 20, 2024 - 15:00