(၃၅)ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ (တတိယနေ့)ဆက်လက်ကျင်းပခြင်းနှင့် သုတေသနစာတမ်းဖတ်ပွဲ ပိတ်ပွဲအခမ်းနားကို ဆက်လက်ကျင်းပပြုလုပ်

(၃၅)ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ ဒုတိယနေ့အဖြစ် ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်၊ ရေဆင်း၊ သစ်တောသုတေသန၊ စုဝေး ခန်းမ၌ (၂၂-၂-၂-၂၀၂၄) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ သဘာပတိ များအဖြစ် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးဖေချစ်၊ စိုက်ပျိုးရေးတက္ကသိုလ်ပါမောက္ခ ဒေါက်တာကျော်ငွေတို့မှ ဆောင်ရွက်ခဲ့ကြပြီး ရေ နှင့် မြေ အရည်အသွေးလေ့လာဆန်းစစ်ခြင်း ဆိုင်ရာစာတမ်း(၂)စောင်၊ လူမှုသစ်တောလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စာတမ်း(၃)စောင် စုစုပေါင်း(၅)စောင်တို့အား ဖတ်ကြားခဲ့ရာ တက်ရောက်လာသူများမှ ဆွေးနွေးခြင်း၊ အကြံပြုခြင်း တို့ကို ဆောင်ရွက်ခဲ့ပါသည်။ ယနေ့စာတမ်းဖတ်ပွဲ အခမ်းအနားသို့ သဘာပတိများ၊ သုတေသီ များနှင့် တက်ရောက်လာသူများစုစုပေါင်း(၁၀၃)ဦးရှိကြောင်းသိရှိရပါသည်။ ယနေ့မွန်းလွဲပိုင်းတွင် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ ပိတ်ပွဲအခမ်းနားကို ဆက်လက်ကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးမှ နိဂုံး ချုပ်အမှာစကားပြောကြားပါသည်။ ဆက်လက်၍ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူတို့မှ သုတေသနစာတမ်းရှင်များသို့ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

date: 
Thursday, February 22, 2024 - 16:00