၁/၂၀၂၄ ကြိမ်မြောက် သစ်တောဦးစီးရုံးချုပ် CF Unit အဖွဲ့နှင့် ပြည်နယ်/တိုင်းဒေသကြီး CF Unit ဥက္ကဌများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

၁/၂၀၂၄ ကြိမ်မြောက် သစ်တောဦးစီးရုံးချုပ် CF Unit အဖွဲ့နှင့် ပြည်နယ်/ တိုင်း ဒေသကြီး CF Unit ဥက္ကဌများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၆-၂-၂၀၂၄)ရက်နေ့၊ မွန်းလွဲ(၁:၃၀) နာရီ အချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း)၊ ဦးဖေချစ် တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားပါသည်။ အစည်းအဝေးတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော လုပ်ငန်းတိုးတက်မှုနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ပြည်နယ်/တိုင်းဒေသကြီး CF Unit အဖွဲ့ ဥက္ကဌများမှ Power Point ဖြင့် ရှင်းလင်းတင်ပြဆွေးနွေးကြရာ တက်ရောက်လာသော CF Unit အဖွဲ့ဝင်များမှ အကြံပြုဆွေးနွေးကြပါသည်။ အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်ရုံး CF Unit အဖွဲ့ဝင်များ တက်ရောက်ကြပြီး ပြည်နယ်/တိုင်းဒေသကြီး CF Unit ဥက္ကဌများမှ Online ဖြင့် တက်ရောက်ကြကြောင်း သိရှိရပါသည်။

date: 
Monday, February 26, 2024 - 15:15