သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ၏ ( ၁၁/၂၀၂၃-၂၀၂၄)ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

(၂၇-၂-၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင် သစ်တောဦးစီးဌာနမှ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း (၁၁/၂၀၂၃-၂၀၂၄)ကြိမ်မြောက်တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီအစည်းအဝေးကျင်းပရာ ကော်မတီ ဥက္ကဌ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး) ဦးကျော်ဇေယျနှင့် စိစစ်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ကော်မတီ ဥက္ကဌမှ အဖွင့်အမှစာကားပြောကြားပြီး ပြည်ထောင်စုသာမန် အသုံးစရိတ်ရန်ပုံငွေ၊ စီမံကိန်းရန်ပုံငွေတို့ဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းနှင့် ပစ္စည်းဝယ်ယူရေးလုပ်ငန်း များအား နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၂)တို့နှင့်အညီ အရည်အသွေး၊ စံချိန်စံညွှန်းများ၊ ဈေးနှုန်းများ စိစစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

date: 
Tuesday, February 27, 2024 - 11:30