၁၉-၂-၂၀၂၄ ရက်နေ့မှ ၂၅-၂-၂၀၂၄ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၅၃.၆၂၈၂)တန်၊ သစ်မာ (၂၄.၃၁၃၀)တန်၊ အခြား (၂၄၄.၁၇၉၈)တန်၊ စုစုပေါင်း (၃၂၂.၁၂၁၀)တန်၊ ယာဉ်/ ယန္တရား (၁၀)စီး၊ တရားခံ (၂၁) ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၄-၂-၂၀၂၄ ရက်နေ့၊ ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ခြင်ကိုက်ကွင်းဘိနယ်၊ ပုသိမ်-မုံရွာကားလမ်း အနောက်ဘက် (၁)မိုင်ခန့်အကွာရှိ လယ်ကွင်းစပ်မှ တရားမဝင် ကညင်/တောင် သရက်/စကားဝါ ခွဲသား စုစုပေါင်း (၅၇၉)ချောင်း (၉၀.၂၄၂၆)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိမှု ဖြစ်ပါသည်-

date: 
Wednesday, February 28, 2024 - 09:45