တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်/ရန်ကုန်/ရတနာပုံ)၊ ဆာဖာရီဥယျာဉ် (နေပြည်တော်) နှင့် နက္ခတ်တာရာပြခန်း(နေပြည်တော်)တို့ကို အတွဲလိုက်စနစ်ဖြင့် တင်ဒါလုပ်ငန်းဆောင်ရွက်ခြင်းကော်မတီများ အစည်းအဝေးကျင်းပခြင်း

တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်/ရန်ကုန်/ရတနာပုံ)၊ ဆာဖာရီဥယျာဉ် (နေပြည်တော်) နှင့် နက္ခတ်တာရာပြခန်း(နေပြည်တော်)တို့ကို အတွဲလိုက်စနစ်ဖြင့် တင်ဒါလုပ်ငန်း ဆောင်ရွက်ခြင်းကော်မတီများ အစည်းအဝေးကို (၄-၃-၂၀၂၄)ရက်နေ့ မွန်းလွဲ(၁:၀၀)နာရီအချိန်တွင် သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမတွင်ကျင်းပပြု လုပ်ရာ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီအဖွဲ့ဝင်များ၊ အရည်အသွေးစိစစ်ရေးနှင့် လက်ခံရေးကော်မတီအဖွဲ့ဝင်များ၊ ကြမ်းခင်းဈေးနှုန်းတွက်ချက်ရေးကော်မတီဝင်များ တက်ရောက်ကြပြီး ဆွေးနွေးကြကြောင်းသိရှိရပါသည်။

date: 
Monday, March 4, 2024 - 15:00