၂၆-၂-၂၀၂၄ ရက်နေ့မှ ၃-၃-၂၀၂၄ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၄.၃၂၂၀)တန်၊ သစ်မာ (၁၅.၉၆၉၀)တန်၊ အခြား (၇၉.၁၆၃၃)တန်၊ စုစုပေါင်း (၁၃၉.၄၅၄၃)တန်၊ ယာဉ်/ ယန္တရား (၄)စီး၊ တရားခံ (၉) ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၉-၂-၂၀၂၄ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဇေယျဝတီအနောက်ဘိနယ်၊ ဖြူးချောင်းဆည် ရေဝပ်ဧရိယာ ဒေသအခေါ် စစ်နိုင်ဆိပ်မှ တရားမဝင် ကညင်/သင်္ဂဒူ/တောင်ပိန်း ခွဲသား စုစုပေါင်း (၁၉၉)ချောင်း (၁၃.၄၃၃၂)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Wednesday, March 6, 2024 - 10:00