အမျိုးသားအကြံပေးရာထူး (၁) နေရာအတွက် အလုပ်လျှောက်လွှာခေါ်ယူခြင်း

သစ်တောဦးစီးဌာနနှင့် Mekong–Lancang Cooperation တို့ပူးပေါင်း၍ “ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော ဖွံ့ဖြိုးတိုးတက်စေရေး ပြည်သူတို့၏အသက်မွေးဝမ်း ကျောင်းမြှင့်တင်စေရန်အတွက် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းနည်းစနစ်ဖွံ့ဖြိုးစေခြင်း စီမံကိန်း" (FD-MLC)” ကို စီမံကိန်း ဧရိယာ (၃) ခုတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ (၂) နှစ်၊ (၆) လ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။
စီမံကိန်းဧရိယာ (၃) ခုမှာ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီး မြို့နယ်တို့ဖြစ်ပါသည်။
ယခုအခါ စီမံကိန်းပြီးဆုံးပြီဖြစ်သောကြောင့် စီမံကိန်းဆိုင်ရာ အကဲဖြတ်သုံးသပ်ခြင်းအစီရင်ခံစာ တင်သွင်းနိုင်ရေးအတွက် စီမံကိန်းမှဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များအား စိစစ်သုံးသပ်အကဲ ဖြတ်ရန် အမျိုးသားအကြံပေး (National Consultant) (၁) ဦး လိုအပ်လျက်ရှိပါသည်။
စီမံကိန်းလုပ်ငန်းများအား စိစစ်သုံးသပ်အကဲဖြတ်ခြင်းကို ပူးတွဲပါ တာဝန်ဝတ္တရား များနှင့်အညီ ဆောင်ရွက်ရန် စိတ်ပါဝင်စားသူများ၊ အရည်အချင်းပြည့်မီသူများအနေဖြင့် ၁၄-၃-၂၀၂၄ ရက်နေ့၊ ညနေ (၁၇:၀၀) နာရီ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

date: 
Monday, March 11, 2024 - 16:15