သဘာဝသယံဇာတများ ရေရှည်တည်တံ့စေရန် စီမံအုပ်ချုပ်နိုင်ရေး စွမ်းဆောင်ရည် မြှင့်တင်ခြင်းစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့်ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများ ရှင်းလင်းတင်ပြခြင်းဆိုင်ရာ အစည်းအဝေးကျင်းပ

(၁၂-၃-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် သစ်တောဦးစီးဌာနနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် “သဘာဝသယံဇာတများ ရေရှည်တည်တံ့စေရန် စီမံအုပ်ချုပ်နိုင်ရေး စွမ်းဆောင်ရည် မြှင့်တင်ခြင်းစီမံကိန်း”ဆိုင်ရာ အစည်းအဝေးကို သစ်တော ဦးစီးဌာန၊ အင်ကြင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)ဦးကျော်ဇေယျ၊ သစ်တောဦးစီးဌာနမှ စီမံကိန်း ဆိုင်ရာတာဝန်ရှိသူများ၊ ဂျပန်နိုင်ငံမှ တာဝန်ရှိသူများနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဂျပန်နိုင်ငံမှ ပညာရှင်များမှ အင်းလေးကန်ရေဝေရေလဲဒေသရှိ မြစ်ချောင်းများ စောင့်ကြည့်လေ့လာခြင်း၊ နုန်းအနည်ကျမှု ထိန်းချုပ်ခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်း လုပ်ငန်းကိစ္စများရှင်းလင်းတင်ပြခြင်း၊ စီမံကိန်းလုပ်ငန်းစဉ် များမှ ကျွမ်းကျင်ပညာရှင်များက ချောက်ပုံစံ မြေပြိုတိုက်စားမှု ထိန်းချုပ်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပြီး တက်ရောက် လာသူများမှ သိရှိလိုသည်များ မေးမြန်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

date: 
Wednesday, March 13, 2024 - 16:00