၁၁-၃-၂၀၂၄ ရက်နေ့မှ ၁၇-၃-၂၀၂၄ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၄.၃၉၁၈)တန်၊ သစ်မာ (၂၇.၀၃၀၄)တန်၊ အခြား (၁၂၀.၈၉၀၀)တန်၊ စုစုပေါင်း (၁၆၂.၃၁၂၂)တန်၊ ယာဉ်/ ယန္တရား (၄)စီး၊ တရားခံ (၁၁)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၇-၃-၂၀၂၄ ရက်နေ့၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ အင်တော(၂)ဘိနယ်၊ ကျောက်ဂူ ဒေသ၊ နောင်ဝိုးနယ်မြေအတွင်းမှ တရားမဝင် အင်သစ်လုံး/လုံးပတ်(၃)ပေအောက် သစ် စုစုပေါင်း (၆၂)လုံး/ချောင်း (၂၁.၆၃၄၀)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Tuesday, March 19, 2024 - 15:00