AfoCo ၊ IPDN Project ၏ ဖျက်ပိုးနှင့် ရောဂါ စီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ ဒုတိယအကြိမ် ဆွေးနွေးပွဲကျင်းပ

(၂၅-၃-၂၀၂၄) ရက်နေ့၊ ညနေပိုင်းတွင် သစ်တောဦးစီးဌာနနှင့် အာရှသစ်တောကဏ္ဍ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ Asian Forest Cooperation Organization – AfoCo တို့ ပူးပေါင်း၍ပဲခူးတိုင်းဒေသကြီးအတွင်းတည်ထောင်ထားရှိသည့် ကျွန်းစိုက်ခင်းများတွင် ကျရောက် တတ်သည့် ဖျက်ပိုးနှင့် ရောဂါများအား ဘက်စုံကာကွယ်နှိမ်နင်းခြင်း နည်းလမ်းများဖြင့် စီမံ အုပ်ချုပ်ခြင်း စီမံကိန်းဆိုင်ရာ ဆွေးနွေးပွဲကို သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး ၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေး မှူးများ၊ ပဲခူးတိုင်းဒေသကြီးမှ ခရိုင်တာဝန်ခံများ၊ မြို့နယ်ဦးစီးအရာရှိ များနှင့် စီမံကိန်းမှ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦးမှ အဖွင့်အမှာစကားပြောကြားသည်။သစ်တောသုတေသနဌာန၊ ဒုတိယညွှန်ကြား ရေးမှူးမှ FD- AfoCo ၊ IPDN Project နှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက် နေမှုများအား ရှင်းလင်းတင်ပြခြင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဖျက်ပိုး/ အပင်ရောဂါ ကျရောက်နိုင်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ FD- AfoCo ၊ IPDN Project မှ Pest / Disease Technician များမှ ကျွန်းစိုက်ခင်း များတွင် ကျရောက်တတ်သည့် ရောဂါ/ ဖျက်ပိုးများအကြောင်း ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များနှင့် သီးခြားအကြံပြုချက်များ ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရ သည်။

date: 
Tuesday, March 26, 2024 - 12:15