FD -APFNet IFEM Project ၏ စီမံကိန်းကြီးကြပ်မှုကော်မတီ (Project Steering Committee – PSC) အဖွဲ့ဝင်များ စီမံကိန်းလုပ်ငန်းတိုးတက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ ဆွေးနွေးခြင်း အစည်းအဝေးကျင်းပ

(၂၆-၃-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းတွင် မဲခေါင်ဒေသ (မြန်မာနိုင်ငံတွင် ) သစ်တော ဂေဟစနစ်များအား ဘက်စုံစီမံအုပ်ချုပ်ခြင်းနှင့် သရုပ်ပြခြင်းစီမံကိန်း၏ စီမံကိန်းကြီးကြပ်မှု ကော်မတီ (Project Steering Committee – PSC) အဖွဲ့ဝင်များ စီမံကိန်းလုပ်ငန်း တိုးတက်မှု နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများဆွေးနွေးခြင်းအစည်းအဝေးကို သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး ၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ PSC အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး စီမံကိန်းမှ တာဝန်ရှိသူများ၏ စီမံကိန်းလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက် မည့် စီမံကိန်းလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း ၊ စီမံကိန်းအစီအစဉ်များအပေါ် အတည်ပြု ချက်များရယူခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီး တက်ရောက် လာသူများမှ သိရှိလိုသည်များနှင့် သီးခြားအကြံပြုချက်များ ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရ သည်။

date: 
Wednesday, January 17, 2024 - 19:30