၁၈-၃-၂၀၂၄ ရက်နေ့မှ ၂၄-၃-၂၀၂၄ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၉.၉၆၁၀)တန်၊ သစ်မာ (၁၆.၇၁၅၀)တန်၊ အခြား (၇၀.၃၂၉၂)တန်၊ စုစုပေါင်း (၉၇.၀၀၅၂)တန်၊ ယာဉ်/ ယန္တရား (၃)စီး၊ တရားခံ (၇)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၁-၃-၂၀၂၄ ရက်နေ့၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ တပ်ကုန်းမြို့အနောက်မြောက်ဘက်၊ ယာခင်းအစပ် နေရာမှ တရားမဝင် ကညင်/စကားဝါ/သစ်ယား သစ်လုံး/ခွဲသား/ခွဲခြမ်း စုစုပေါင်း (၂၂)လုံး/ချောင်း/ခြမ်း (၁၂.၂၉၁၀)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Thursday, March 28, 2024 - 15:45