ခရိုင်သစ်တောအရာရှိများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၉)နှင့်တောအုပ်ကြီးလုပ်ငန်းခွင်အကြိုသင်တန်းအမှတ်စဉ်(၂/၂၀၂၄)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ခရိုင်သစ်တောအရာရှိများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၉)နှင့် တောအုပ်ကြီးလုပ်ငန်းခွင်အကြိုသင်တန်း အမှတ်စဉ်(၂/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို (၂၉-၃-၂၀၂၄)ရက်နေ့တွင် သစ်တောသုတေသနဌာန၊ စုဝေးခန်းမ(ရေဆင်း)၊ နေပြည်တော်၌ ကျင်းပ ပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး)နှင့် ညွှန်ကြားရေးမှူးများ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြောင်းသတင်းရရှိပါသည်။

date: 
Friday, March 29, 2024 - 16:30