သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန် အကြို၊ ပျော်ပွဲရွှင်ပွဲနှင့် စတုဒီသာကျွေးမွေးခြင်း အခမ်းအနားကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ဝန်ထမ်းမိသားစုက မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းသည့် အချိန်အခါသမယကို ကြိုဆိုသောအားဖြင့် မြန်မာ့ရိုးရာမဟာသင်္ကြန်အကြို ပျော်ပွဲရွှင်ပွဲနှင့် စတုဒီသာကျွေးမွေးခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့ နေ့လယ်ပိုင်းတွင် သစ်တောဦးစီးရုံးချုပ် အင်ကြင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးခင်မောင်ရီ တက်ရောက်၍ မြန်မာ့နှစ်သစ်ကူးအမှာစကားမြွတ်ကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက သစ်တောဦးစီးဌာနရှိ အရာထမ်း၊အမှုထမ်းများအနေဖြင့် မင်္ဂလာ ရှိသော ၁၃၈6 ခုနှစ် နှစ်သစ်တွင် နှစ်ဟောင်းမှ အညစ်အကြေးများကို ရေစင်ရေသန့်တို့နှင့် ပက်ဖျန်းခြင်းဖြင့် စိတ်ကိုသန့်စင်ကြည်လင် အေးမြပါစေကြောင်း၊ ရေ၏မင်္ဂလာနိမိတ်သုံးပါး နှင့်အညီတိုင်းမြန်ပြည်အေးချမ်းပါစေကြောင်း နှစ်သစ်တွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနှင့် ပြည့်စုံလျက် မိမိအကျိုး၊ ဌာနအကျိုး၊ တိုင်းပြည်အကျိုး၊ ဘာသာ သာသနာ အကျိုးတို့ကို ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း အမှာစကား မြွတ်ကြားခဲ့ပါသည်။ ထို့နောက် သစ်တောဦးစီးရုံးချုပ် ဌာနခွဲအလိုက် မြန်မာ့ရိုးရာမဟာသင်္ကြန် အကြို ပျော်ပွဲရွှင်ပွဲ တေးသီချင်း၊ အကအလှများဖြင့် ဖျော်ဖြေပြီး စတုဒီသာ ဧည့်ခံကျွေးမွေးခြင်း၊ သင်္ကြန်ရေပက်ဖြန်းခြင်းတို့ဖြင့် တစ်ပျော်တစ်ပါး စုပေါင်းဆင်နွှဲခဲ့ကြပါသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဦးခင်မောင်ရီ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်နှင့် ဦးစီးရုံးချုပ်မှ အရာထမ်း၊ အမှုထမ်းများတက်ရောက်၍ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိ ရပါသည်။

date: 
Friday, April 12, 2024 - 15:15