၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ခင်းကျင်းပြသမည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ပညာပေးပြခန်း ပြင်ဆင်ထားရှိမှုအား ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီမှ လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း

(၂၅-၄-၂၀၂၄) ရက်နေ့၊ ညနေပိုင်းတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဒုတိယဝန်ကြီး ဦးမင်းသူ အမြဲတမ်း အတွင်းဝန်တို့လိုက်ပါလျက် ၂၆-၄-၂၀၂၄ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာ (MICC-II) ၌ ကျင်းပပြုလုပ်မည့် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များ ဩဝါဒခံယူပွဲတွင် ခင်းကျင်းပြသရန် ပြင်ဆင်ထားသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ပညာပေးပြခန်းအား လှည့်လည်ကြည့်ရှုစစ် ဆေးရာသစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးကပြခန်းခင်းကျင်း ပြသထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှုပြုကြောင်း သိရှိရပါသည်။

date: 
Friday, April 12, 2024 - 12:15