မန္တလေးတိုင်းဒေသကြီးတွင် နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများအား သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာဟောပြောပွဲကျင်းပ

နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများအား "သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးအစီအစဉ်အရ ၂၆-၄-၂၀၂၄ရက်နေ့ ၊နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေး များ သင်တန်းကျောင်း (လမ်း၃၀၊ ၆၃ x ၆၄ လမ်းကြား)၊ စုဝေးခန်းမတွင် မန္တလေးခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးမြအောင်နှင့် ရမည်းသင်းခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းသန်းထွန်းတို့ ဦးဆောင်၍ ''မြန်မာနိုင်ငံ၏ သစ်တောဂေဟစနစ်ထိန်းသိမ်းရေးလုပ်ငန်းများ''ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ဆရာမများနှင့် ကျောင်းသူများအား သစ်တောသစ်ပင် စိုက်ပျိုးခြင်း နည်းစနစ်မှန်ကန်သိရှိစေရန် သရုပ်ပြ၍ ကျောင်းဝင်းအတွင်း အမှတ်တရ ပျိုးပင်များ စိုက်ပျိုးခြင်းကို စုပေါင်းဆောင်ရွက်ခဲ့ပါသည်။ဆက်လက်၍ ပုသိမ်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာန၊ မြို့မအမြဲတမ်းပျိုးဥယျာဉ်သို့ သွားရောက်၍ ပျိုးဉယျာဉ်လုပ်ငန်းဆိုင်ရာများအားရှင်းလင်းပြသခြင်းဆောင်ရွက်ခဲ့ပါသည်။ဟောပြောပွဲသို့ သစ်တောဦးစီးဌာန၊ မန္တလေးခရိုင်နှင့် ရမည်းသင်းခရိုင်မှ လက်ထောက် ညွှန်ကြားရေးမှူး(၂)ဦး၊ အောင်မြေသာစံမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်မှ ဦးစီးအရာရှိ (၂) ဦး ဦးဆောင်သော သစ်တောဝန်ထမ်း (၁၉)ဦး၊ ချမ်းအေးသာစံမြို့နယ်၊ အမျိုးသမီး ကလေးများ သင်တန်းကျောင်းမှ ကျောင်းအုပ် ဒေါ်မီမီလွင်နှင့် ကြီးကြပ်ဆရာမ(၁၂)ဦး၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသူ(၆၅)ဦး၊ စုစုပေါင်း(၉၉)ဦးတက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Saturday, April 13, 2024 - 11:45