တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် သစ်တောနှင့်ဇီဝ မျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနဦးဆောင်၍ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ထားဝယ်မြို့တွင် နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ ကျောင်းသူ များအား“ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”ကျင်းပ ပြုလုပ်ရာ ထားဝယ်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးလွင်ကိုဦးနှင့် ထားဝယ်မြို့နယ်၊ ဦးစီးအရာရှိ၊ ဦးရဲဝင်းအောင်တို့က ကျောင်းသား/ ကျောင်းသူများအား သစ်တောသစ်ပင်နှင့် ဇီဝ မျိုးစုံမျိုးကွဲများကို ချစ်ခင်မြတ်နိုးလာစေရန် ၊ ရာသီဥတုပြောင်းလဲမှုကို သိရှိနားလည်စေပြီး သစ်တောများမှ လူသားများနှင့် ဇီဝမျိုးစုံမျိုးကွဲများအပေါ် အထောက်အကူပြုပေးသည့် အကြောင်းအရင်းများကို သိရှိစေရန်နှင့် သစ်တောသစ်ပင်များ၏ အရေးပါမှုအားသိရှိပြီး ပူးပေါင်း ဆောင်ရွက်နိုင်ရန်တို့အတွက် သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေး ၊ သစ်တော များနှင့် ရေဝေရေလဲဒေသများစသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ဟောပြောပွဲသို့ ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူစုစုပေါင်း(၅၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

date: 
Saturday, April 13, 2024 - 12:15