ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်တွင် သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ဇလဲကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် သစ်တောဦးစီးဌာနဦးဆောင်၍ နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ ကျောင်းသူများအား “သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ” ကျင်းပပြုလုပ် ရာ တောင်ကြီးမြို့ခရိုင်ရုံးမှ ဦးစီးအရာရှိ၊ ဦးသူရထိုက်အောင်က သစ်တောများနှင့် ရာသီဥတု ပြောင်းလဲမှုလျော့ချရေး ရေဝေရေလဲဒေသ ထိန်းသိမ်းရေးလုပ်ငန်းများအကြောင်း ဟောပြော ခြင်း၊ တောင်ကြီးမြို့နယ်၊ ဦးစီးအရာရှိ ၊ ဦးမင်းအောင်ကျော်ဦးနှင့် နယ်မြေသစ်တောတာဝန်ခံ တောအုပ်ကြီး၊ ဦးတင်ဆန်းက သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအကြောင်း ဟောပြောဆွေးနွေးကြပြီး လွယ်တော်သစ်တောပျိုးဥယျာဉ်တွင် ပျိုးထောင်ခြင်းလုပ်ငန်းစဉ် များအား ရှင်းလင်းပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

date: 
Saturday, April 13, 2024 - 12:30