ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် သစ်တောနှင့်ဇီဝ မျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ဘားအံမြို့တွင် သစ်တောဦးစီးဌာနဦးဆောင်၍ နွေရာသီကျောင်းပိတ်ရက် ၌ ကျောင်းသား/ ကျောင်းသူများအား “သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိ ပညာပေးဟောပြောပွဲ” ကို (၂၆-၄-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းတွင် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးသူရကျော်-၁ က ခါကာဘိုရာဇီရေခဲတောင် ဇီဝမျိုးကွဲများ အကြောင်း လေ့လာသုံးသပ်တင်ပြခြင်းနှင့် ဘားအံခရိုင် ၊ လက်ထောက်ညွှန်ကြားရေးမှူး ၊ ဦးပုမ်ဇဂင့်နှင့် ဘားအံမြို့နယ်၊ ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းတို့က သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ဆိုင်ရာ အသိပညာပေးခြင်းနှင့် သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေး အကြောင်း အရာများနှင့် သစ်တောများနှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းရေး သစ်တောများမှပေးစွမ်း နိုင်သော အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ဟောပြောပွဲသို့ ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၃၇)ဦး တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

date: 
Saturday, April 13, 2024 - 12:30