ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများအား "သစ်တောနှင့်ဇီဝ မျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာဟောပြောပွဲကျင်းပ

(၂၆-၄-၂၀၂၄) ရက်နေ၊ နံနက်ပိုင်းတွင်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အေးမြသီတာခန်းမ၌ နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများအား "သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ မြစ်ကြီးနားခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောဂျင်မီနီဟက်စ်လပ်စ်၊ ဦးစီးအရာရှိ ဦးစိုးထိုက်နှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၈၅)ဦး တက်ရောက်ခဲ့ပါသည်။ ဟောပြောပွဲတွင် သစ်တောနှင့် ရေဝေရေလဲဒေသ ထိန်းသိမ်းရေးနှင့်ပတ်သက်၍ မြစ်ကြီးနားခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးမှ လည်းကောင်း၊ သစ်တောများမှ ပေးစွှမ်းနိုင်သောအကျိုးကျေးဇူးများကို မြစ်ကြီးနား ဦးစီးအရာရှိမှလည်းကောင်း၊ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ ရာသီဥတု ပြောင်းလဲမှုထိန်းသိမ်းလျော့ချရေးနှင့်ပတ်သက်၍ တောအုပ်ကြီး ဦးဗန်လာလ်မွန်က လည်းကောင်းရှင်းလင်းဆွေးနွေးကြပါသည်။ ဆွေးနွေးချက်များအပေါ် တက်ရောက်လာ သည့်ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့ကြကြောင်း သိရှိရပါသည်။

date: 
Sunday, April 14, 2024 - 11:00