ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများအား "သစ်တောနှင့်ဇီဝ မျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာဟောပြောပွဲကျင်းပ

နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား‌/ကျောင်းသူများအား "သစ်တောနှင့် ဇီဝမျိုးစုံမျိုး ကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးအစီအစဉ်အရ" ၂၄-၄-၂၀၂၄ ရက်နေ့တွင် ပဲခူးမြို့နယ်၊ ဇောင်းတူကျေးရွာ၊အခြေ ခံပညာအထက်တန်းကျောင်း၌ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲတွင် ပဲခူးခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်၊ ပဲခူးမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက ဦးဆောင်၍ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနှင့် သစ်တောသစ်ပင်များအား စိုက်ပျိုးပြုစု ထိန်းသိမ်းရေးဆိုင်ရာများအား အသိပညာပေးဟောပြောခြင်း၊ ပျိုးဥယျာဉ် လုပ်ငန်းဆိုင်ရာများ အားရှင်းလင်းပြသခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ ဟောပြောပွဲသို့ ပဲခူးမြို့နယ်၊ ပညာရေးဌာနမှ ဒုတိယမြို့နယ် ပညာရေးမှူးအပါအဝင် ဇောင်းတူ (အ.ထ.က)ကျောင်းအုပ်ကြီးနှင့် ဆရာ/ ဆရာမ(၂၅)ဦး၊ ကျောင်းသား/ကျောင်းသူ(၆၁)ဦး၊ ဇောင်းတူကျေးရွာအုပ်ချူပ်ရေးမှူး အပါအဝင်ဒေသခံ ပြည်သူ (၄၁)ဦး၊ စုစုပေါင်း(၁၂၇)ဦး တက်ရောက်ခဲ့ပါကြောင်းသိရှိရပါသည်။

date: 
Monday, April 15, 2024 - 10:45