ရှမ်းပြည်နယ်(တောင်ပိုင်း)၊နမ့်စန်ခရိုင်၊နမ့်စန်မြို့နယ်၊ခိုလမ်မြို့တွင်သစ်‌တောဦးစီး‌ဌာနမှသစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊နမ့်စန်ခရိုင်၊နမ့်စန်မြို့နယ်၊ခိုလမ်မြို့တွင်သစ်‌တောဦးစီး‌ဌာနမှသစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို (၁၅.၅.၂၀၂၄) ရက်နေ့၊ နံနက်(၈)နာရီအချိန်တွင် အ.မ.က(မူလွန်)ဝမ်ဖွီးကျောင်း‌၌ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ လွိုင်လင်ခရိုင်၊လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သစ်တောများနှင့်ရာသီဥတုပြောင်းလဲမှုလျော့ချရေး အကြောင်းအသိပညာ‌ပေးပြောကြားပေးခဲ့ပါသည်။ ဆက်လက်၍ လွိုင်လင်မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမောင်မျိုးကသစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲများအကြောင်း ၊သစ်တောနှင့် ရေဝေရေလဲဒေသများထိန်းသိမ်းရေးအကြောင်း၊ လွိုင်လင်မြို့နယ်၊ သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးကျော်ကျော်သာက သစ်တောများကပေးစွမ်းနိုင်သော အကျိုးကျေးဇူးများ‌အကြောင်း၊ ခိုလမ်မြို့နယ်ခွဲ စည်ပင်ယာ‌ရေးဌာနတာဝန်ခံ ဦး‌ကျော်မင်းထွန်းက အမှိုက်စနစ်တကျစွန့်ပစ်ရေးအကြောင်းတို့ကို အသိပညာပေး‌ ဟောပြောကာ သစ်တောမှရရှိသော အကျိုးကျေးဇူးများကို ဗီဒီယိုမှတ်တမ်းဖြင့်ပြသခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာ(၃)ဦး ဆရာ/ဆရာမ (၁၀)ဦးကျောင်းသား/ကျောင်းသူ (၁၀၇)ဦး စုစုပေါင်း(၁၂၀)ဦးတို့မှ စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ပါသည်။ ထို့နောက် သစ်တောဦးစီးဌာနဝန်ထမ်းများက ကျောင်းဝင်းအတွင်း အရိပ်ရပန်းအလှပင် စိန်ပန်းပြာပင်(၁၀)ပင်ကို ဆရာ၊ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် အတူတကွစိုက်ပျိုးခဲ့ပါကြောင်းသိရှိရပါသည်။

date: 
Thursday, May 16, 2024 - 08:45