ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တောင်ကြီးခရိုင်၊ ပင်းတယမြို့နယ်၊ သစ်တောဦးစီးဌာနမှ `သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ’ကျင်းပ

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တောင်ကြီးခရိုင်၊ ပင်းတယမြို့နယ်၊ သစ်တောဦးစီးဌာန မှ (၁၆.၅.၂၀၂၄)ရက်နေ့ နံနက်(၀၉:၀၀)နာရီ အချိန် ပင်းတယမြို့နယ်၊ အ.ထ.က(ကြိုသက်)၊ ပညာ့ရောင်ခြည်ခန်းမတွင် `သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ’ အား (FD-AFoCO Model Forest Project) စံပြသစ်တောတည်ထောင်ခြင်းစီမံကိန်းနှင့်ပူးပေါင်းကာ ကျင်းပပြုလုပ်ခဲ့သည်။ ဟောပြောပွဲတွင် တောင်ကြီးခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဇော်မင်းမှ `ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်း’ ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး၊ တောင်ကြီးခရိုင်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိဦးသူရထိုက်အောင်မှ `ရေဝေရေလဲဒေသများထိန်းသိမ်းရေး’ နှင့် `သစ်တောများမှပေးစွမ်းသောအကျိုးကျေးဇူးများ’ခေါင်းစဉ်ဖြင့် ရှင်းလင်းဟောပြောခဲ့ပါသည်။ ထို့နောက် ကျောင်းဝန်းအတွင်းတွင် မဟော်ဂနီ(၂)ပင်၊ တပြေဘူတ(၃)ပင်၊ စိန်ပန်းနီ (၂)ပင်၊ ခါတော်မီ(၄)ပင် စုစုပေါင်း(၁၁)ပင်အားဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ပူးပေါင်းကာ အမှတ်တရသစ်ပင်စိုက်ပျိုးခဲ့ပြီး၊ ပင်းတယမြို့နယ်၊ သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးမှ ပုန်းတလုတ်ပျိုးဉယျာဉ်တွင်(၂၀၂၄)မိုးရာသီတွင်ဖြန့်ဝေစိုက်ပျိုးမည့် ပျိုးပင်များနှင့် ပျိုးဥယျာဉ်လုပ်ငန်းဆောင်ရွက်ခြင်းအဆင့်ဆင့်ကို ရှင်းလင်းခြင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

date: 
Thursday, May 16, 2024 - 22:00