၁-၇-၂၀၂၄ ရက်နေ့မှ ၇-၇-၂၀၂၄ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၅.၆၁၆၈)တန်၊ သစ်မာ (၃.၂၃၇၄)တန်၊ အခြား (၇.၁၃၉၄)တန်၊ စုစုပေါင်း (၂၅.၉၉၃၆)တန်၊ ယာဉ်/ ယန္တရား (၁)စီး၊ တရားခံ (၄)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၅-၇-၂၀၂၄ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ဘော်ဒါဘိနယ်၊ ခပေါင်းကြိုးဝိုင်း၊ အကွက် အမှတ်(၅၀)၊ ပေါက်ခေါင်း-အုတ်တွင်းကားလမ်းမြောက်ဘက် ဒေသအခေါ် ရွှေတောင် ငွေတောင်ရွာဟောင်းပေါက်အကျော်နေရာမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး သစ်လုံး/ သစ်ခြမ်း/လုံးပတ်၃ပေအောက်သစ် စုစုပေါင်း(၂၇)လုံး/ခြမ်း (၈.၅၄၄၀)တန်ပိုင်ရှင်မဲ့ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date: 
Tuesday, July 9, 2024 - 15:30