တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ဖမ်းဆီးရမိ(၂၀-၁၂-၂၀၁၃၊နေပြည်တော်)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် ကြိုးဝိုင်း၊ကြိုးပြင်ကာကွယ်တောနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများဟူ၍ အဆင့်ဆင့်ခွဲခြား သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် တရားမဝင် သစ်နှင့်သစ်တော ထွက်ပစ္စည်းများ ခိုးယူထုတ်လုပ်ခြင်းလုပ်ငန်းများကို ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် စီမံချက် ချမှတ်၍ ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကသာခရိုင်တို့မှ သစ်တောဝန်ထမ်းများသည် (၁၇-၁၂-၂၀၁၃)  ရက်နေ့တွင် ထီးချိုင့်မြို့နယ် ဆူးပုတ်ကုန်းရွာအနောက်ဘက်(၂)မိုင်ကွာ နေရာများမှ တရားမဝင် ကျွန်းသစ်(၂၃)လုံး၊ (၆.၂၁၄)တန်အား ပိုင်ရှင်မဲ့အဖြစ်ဖမ်းဆီးမိပြီး နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ခေါင်းဆောင်သော ဖမ်းဆီး ရေးအဖွဲ့သည် (၁၇-၁၂-၂၀၁၃) ရက်နေ့တွင် နယ်မြေအတွင်း ကွင်းဆင်းစစ်ဆေးစဉ် ဥတ္တရသီရိ မြို့နယ်၊ ဇေယျဌာနီလမ်း၊ မိုင်တိုင်အမှတ်(၅/၁၁)အနီးမှ တရားမဝင်မီးသွေးပေါင်(၉၀)ဝင် ၄အိတ် (၁.၂၈)တန်ကို နံပါတ်မပါသော နက်ပြာရောင်ဆိုင်ကယ်(Luogia-110)(၁)စီးနှင့်အတူ ပိုင်ရှင်မဲ့ ဖမ်းမိကြောင်း သတင်းရရှိပါသည်။